ကောင်းမြတ်သော အဟန့်အတား
ကျွမ်းကျင်ပညာရှင်များက တစ်နေ့တာအတွင်း ၀င်ရောက်လာသည့် အနှောင့်အယှက် များဖြင့် ကုန်ဆုံးသောအချိန်အများစုသည် အံ့သြစရာ မနည်းမနောဖြစ်ကြောင်း လက်ခံကြသည်။ အလုပ် (သို့) အိမ်တွင်ဖြစ်စေ၊ ဖုန်းခေါ်ဆိုမှု (သို့) ရုတ်တရက် ရောက်လာသော ဧည့်သည်များအားဖြင့် ကျွန်ုပ်တို့ကို မိမိအဓိကလုပ်ဆောင်မည့်အရာ များမှ သွေဖယ်သွားစေပါသည်။
ကျွန်ုပ်တို့အများစုသည် နေ့စဉ်အသက်တာတွင် အထူးသဖြင့် ကသိကအောင့်ဖြစ်စေသော (သို့) အစီအစဉ်ကို ပြောင်းစေသော အဖျက်အမှောင့်များကို မကြိုက်ကြပါ။ သို့သော် ယေရှုရှင်သည် အနှောင့်အယှက်ကဲ့သို့ ဖြစ်သည့် အရာများကို တစ်မူထူးစွာ တုံ့ပြန်လုပ်ဆောင်သည်။ ခရစ်ဝင်ကျမ်းများတွင် သခင်သည် လိုအပ်နေသူများကို ကူညီမစရန် သူ၏လုပ်လက်စအရာများကို ရပ်လိုက်ကြောင်း တွေ့ရသည်။
ကားတင်သတ်ခံရမည့် ယေရုရှလင်မြို့သို့ သခင်ယေရှု ပြန်လာသည့်လမ်းခုလတ်တွင် မျက်မမြင် သူဖုန်းစား တစ်ယောက်သည် လမ်းဘေးမှနေ၍ ‘‘ဒါဝိဒ်၏ သားတော် ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ’’ ဟု ဟစ်ကြော်လေ၏ (လု…
ဆောင်းရာသီအတွက် အ၀တ်အထည်များ
ကျွန်ုပ်ဝယ်လိုက်သော ဆောင်းရာသီဝတ်အထည်မှ ဈေးနှုန်းကပ်ပြားကို ဖြုတ်လိုက်စဉ် အနောက်ခြမ်းတွင် “သတိ - ယခုဝတ်စုံကို သင်ဝတ်လိုက်လျှင် အပြင်ထွက်ချင်စိတ်ကို ဖြစ်စေမည်။”ဟု ရေးထားသဖြင့် ကျွန်ုပ်တစ်ချက် ပြုံးလိုက်မိသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ၀တ်ဆင်လိုက်လျှင် ကြမ်းတမ်း ဆိုးရွားသော ရာသီဥတုနှင့် ရာသီအပြောင်းအလဲကာလ တွင်ပင် ရှင်သန်နေနိုင်လိမ့်မည်။
ထိုသဘောတရားကို ကျွန်ုပ်တို့၏ ဘ၀အသက်တာ ၌လည်း ကြုံတွေ့ရသည်။ သခင်ယေရှု၏ နောက်တော်လိုက် များအနေဖြင့် ကျွန်ုပ်တို့အတွက် ရာသီဥတုဒဏ်ခံ ၀ိညာဉ်ရေး အ၀တ်ဘီဒိုတစ်ခုကို နှုတ်ကပတ်တော်တွင် သခင် ပေးထားသည်။ “ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက် သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနား စုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်နှင့်တစ်ယောက် အပြစ် တင်စရာ အခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကို…
ညွှန်ကြားသူကို စောင့်ကြည့်ပါ
ထင်ရှားကျော်ကြားသော ကမ္ဘာ့တယောပညာရှင် ဂျော့ရှုဝါ ဘဲလ် သည် အဖွဲ့ဝင် ၄၄ ယောက် နှင့် ဖွဲ့စည်းထားသော သံစုံတီးဝိုင်းတစ်ခုဖြစ်သည့် St. Martin in the Fields သင်တန်းကျောင်းကို တစ်မူထူးခြားစွာ ဦးဆောင်နိုင်သူတစ်ယောက်ဖြစ်သည်။ တုတ်တံကို ဝှေ့ယမ်းပြီး ညွှန်ကြားမည့်အစား အခြားတယောတီးခတ်သူများနှင့်အတူ သူကိုယ်တိုင် တယောတီးပြီး ညွှန်ကြားသည်။ ‘‘ဘယ်လို အခြေအနေမှာ ဘယ်လိုတီးရမလဲဆိုတာကို သူတို့ နားလည် နိုင်တဲ့ အချက်ပြ ညွှန်ကြားမှုတွေကို တယောတီးနေရင်းနဲ့မှ ကျွန်တော် ပေးနိုင်တယ်။ ကျွန်တော့်တယောသံအကျ၊ ကျွန်တော့် မျက်ခွံပင့်တာ၊ ကျွန်တော်တယောထိုးတဲ့ ဘိုးတံကို ဆွဲပုံဆွဲနည်း တွေကအစ သူတို့ နားလည်တယ်။ တီးဝိုင်းထဲက ကျွန်တော်လိုချင်တဲ့အသံက ဘာလဲဆိုတာ သူတို့သိတယ်’’ ဟု ဘဲလ် က ကော်လိုရာဒို ပြည်သူ့အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
တီးဝိုင်းအဖွဲ့ဝင်များက ဂျော့ရှုဝါ ဘဲလ်ကို စောင့်ကြည့်…
ခေတ္တခဏ အချိန်ပေးပါ
The Lord of the Rings ရုပ်ရှင်ဇာတ်လမ်းအကြောင်း ပြောဆိုဆွေးနွေးရာ၌ ဆယ်ကျော်သက်လေးတစ်ဦးက သူ့အနေနှင့် ရုပ်ရှင်ထက် ၀တ္ထုစာအုပ်ကို ပိုနှစ်သက် ကြောင်းဆိုသည်။ ဘာ့ကြောင့်လဲဟုမေးရာ လူငယ်လေးက ‘‘စာအုပ်နဲ့ဆိုရင် ကျွန်တော် ကြိုက်တဲ့အပိုင်းဆို ကျွန်တော်ကြိုက်သလောက် စီးမျောနေလို့ရတယ်’’ ဟု ဖြေသည်။ စာအုပ်ကိုစွဲခြင်း အထူးသဖြင့် သမ္မာကျမ်းစာကိုစွဲပြီး ကျမ်းစာ မှ ဇာတ်လမ်းထဲစီးမျောခြင်းက အကျိုးရှိသည်။
သမ္မာကျမ်းစာ၏ ‘‘ယုံကြည်ခြင်းအခန်းကြီး’’ ဟု ခေါ်ဆိုလေ့ရှိသည့် ဟေဗြဲ ၁၁ တွင် လူ ၁၉ ယောက်အကြောင်းကို နာမည်နှင့်တကွ ဖော်ပြထားသည်။ ၎င်းတို့ တစ်ယောက်စီတိုင်းသည် မရေရာသော ခရီးလမ်းကြမ်းကို သံသယစိတ်နှင့် လျှောက်လှမ်းခဲ့ကြရသော်လည်း ဘုရားသခင်ကို နာခံရန် ရွေးချယ်ခဲ့ကြသည်။ ‘‘ယခုဆိုခဲ့ ပြီးသော သူအပေါင်းတို့သည် ကတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မျှော်မြင်လျက်၊ စိတ်နှလုံးနှင့်ဖက်ယမ်းလျက်…
အတူတကွ ပူဆွေးခြင်းအမှုတော်
၂၀၀၂ ခုနှစ်က ကျွန်တော့်ညီမ မားသာ နှင့် သူ့အမျိုးသား ဂျင်း တို့ မတော်တဆမှုကြောင့် ကွယ်လွန်ပြီး လအနည်းငယ်အကြာတွင် မိတ်ဆွေတစ်ဦးက အသင်းတော်မှ ကြီးမှူး သည့် ‘‘၀မ်းနည်းကြေကွဲမှုများကြား ကြီးထွားခြင်း’’ အစီအစဉ်သို့ ပါဝင်ရန် ဖိတ်ခေါ် ခဲ့သည်။ မသွားချင်သွားချင်ဖြင့် ပထမဆုံးတစ်ကြိမ် သွားရောက်ရန် သဘောတူလိုက်ပြီး နောက်ထပ်သွားရန် အစီအစဉ်မရှိပါ။ သို့သော် ကျွန်တော် အံ့သြ မှင်သက်စွာ တွေ့ရှိခဲ့သောအရာမှာ ကရုဏာပြ စောင်မ သော အသင်းသားများသည် သူတို့ အသက်တာရှိ ကြီးမား သော ဆုံးရှုံးမှုများကို ထိန်းရင်း ဘုရားရှင်နှင့် အခြားသူများ ထံမှ ရိုင်းပင်းမစမှုကိုရယူရန် ရောက်ရှိလာသည်။ ကြေကွဲစရာများကို အချင်းချင်းဝေငှရင်း တစ်ပတ်ပြီး တစ်ပတ် အချိန်ကုန်ဆုံးကာ ငြိမ်သက်ခြင်းရှိလာပြီး ထိုအခြေ အနေကို လက်ခံနိုင်လာသည်။
ချစ်ခင်ရသူ မိတ်ဆွေတစ်ဦးကို ရုတ်တရက် ဆုံးရှုံး…
ငြိမ်ဝပ်လျက် နေကြလော့
လူ့သမိုင်းတွင် လွန်ခဲ့သော ငါးနှစ်ကထက် သတင်းအချက်အလက်များကို ကျွန်ုပ်တို့ ပိုဖန်တီး နိုင်ခဲ့ကြပြီး ထိုသတင်းများက ကျွန်ုပ်တို့ကို အစဉ်တစိုက် တိုက်ခိုက်နေသည်ဟု ‘‘The Organized Mind: Thinking Straight in the Age of Information Overload ’’ စာအုပ် ရေးသားသူ Daniel Levitin ကပြောသည်။ ‘‘စိတ်တက်ကြွစေခြင်းကို ကျွန်ုပ်တို့ စွဲမက်နေကြသည်’’ ဟု Levitin ကဆိုသည်။ များပြားလှသည့် သတင်းများနှင့် အသိပညာများက ကျွန်ုပ်တို့၏စိတ်ကို စိုးမိုး
နေရာယူနေသည်။ ယနေ့ပတ်ဝန်းကျင်တွင် မီဒီယာ လွှမ်းမိုးမှု ကြောင့် တိတ်ဆိတ်စွာနေရန်၊ စဉ်းစားရန်၊ ဆုတောင်းရန် အချိန်ရရှိရန် ခက်ခဲလာသည်။
‘‘ငြိမ်ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ကို သိမှတ်ကြလော့’’ ဟူသည့် ဆာလံ ၄၆း၁၀ က ဘုရားသခင်ကို…
လူသားတိုင်း ရယူပိုင်ဆိုင်နိုင်သည်
အောင်မြင်ကျော်ကြားခြင်းကို စွဲလမ်းနေကြသော ယနေ့ခေတ်အခါတွင် စီးပွားရေးသမား များသည် နာမည်ကျော်ကြားသူများအား ကုန်ပစ္စည်းသဖွယ် သူတို့၏ကိုယ်ပိုင်အချိန်နှင့် ဆွဲဆောင်မှုတို့ကို ရောင်းချရန် ဈေးကွက်ဖန်တီးပြုလုပ်နေခြင်းသည် အံ့သြစရာ မဟုတ်ပါ။ The New Yorker သတင်းစာမှ Vauhini Vara ရေးသားသည့် ဆောင်းပါးတွင် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ဖြင့် အဆိုတော် ရှကီရာနှင့် နှစ်ဦးတည်း တွေ့ဆုံနိုင်ပြီး၊ အမေရိကန်ဒေါ်လာ၁၂,၀၀ ဖြင့် နာမည်ကြီး စားဖိုမှူး မိုက်ကယ်ချဲရီလို နှင့်အတူ ဧည့်သည် ၁၁ ဦး တို့ ၎င်း၏စံအိမ်ကြီးတွင် နေ့လယ်စာ သုံးဆောင်နိုင်မည်ဖြစ်သည်။
လူများစွာသည် သခင်ယေရှုနောက်တော်သို့ တစ်ကောက်ကောက်လိုက်၊ သူ၏သွန်သင်မှုများကို နာယူ၊ သခင်ပြုသည့် နမိတ်လက္ခဏာများကို စူးစမ်း၊ သခင်၏
ထိတွေ့မှုဖြင့် အနာရောဂါ ပျောက်ကင်းရန် ရှာကြံလျက် သခင့်အား နာမည်ကျော်ကြားသူပမာ ဆက်ဆံကြသည်။ သို့တိုင် ယေရှုသည် မိမိသာ…
ကျေးဇူးတော်ကို ဖွင့်လှစ်ပြသခြင်း
ယူအက်စ် မာစတာဂေါက်ပြိုင်ပွဲကို ၁၉၃၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး၊ ကစားသမား ၃ ဦးသာ၂ နှစ် ဆက်တိုက်အနိုင်ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ၂၂ နှစ်အရွယ် ကစားသမား ဂျော်ဒန်စပိုသ်သည် စတုတ္ထမြောက် အောင်နိုင်သူကစားသမား ဖြစ်မည့် အလားအလာရှိခဲ့သည်။ သို့သော် နောက်ဆုံးကျင်း ၉ ကျင်း မြောက်တွင် လွဲချော်သွားပြီး ဒုတိယဆုနှင့် ကျေနပ်လိုက်ရသည်။ စိတ်ပျက်စရာကောင်းသော အရှုံးကို ကြုံရလင့်ကစား စပိုသ်သည် ချန်ပီယံဖြစ်သွားသည့် ဒဲနီဝီလစ် အား သူ့၏ အောင်နိုင်မှုအတွက် ချီးကျူးစကားနှင့်၊ ဂေါက်သီးထက် ပို၍ အရေးကြီးသည့် သူ၏သားဦးရတနာ မွေးဖွားခြင်း အတွက်လည်း ဝမ်းမြောက်ဝမ်းသာကြောင်း ပြောခဲ့သည်။
The New York Times သတင်းစာတွင် ဆောင်းပါးရှင် Karen Krouse က ‘‘ဆုပေးပွဲ အခမ်းအနား…
မျိုးဆက်တိုင်းတွင်
ကျွန်တော့်မိဘများသည် ကမ္ဘာစီးပွားရေး ကပ်ဆိုက်သည့် ၁၉၃၃ ခုနှစ်တွင် အိမ်ထောင်ကျ သည်။ ကျွန်တော်တို့ဇနီးမောင်နှံက ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း လူဦးရေ အဆမတန်တိုးပွားသည့်ခေတ်ကာလ၌ မွေးဖွားလာသူများဖြစ်သည်။ ကျွန်တော်တို့ သမီး ၄ ယောက်
မှာ ၁၉၇၀-၁၉၈၀ ခုနှစ်များတွင် မွေးဖွားခဲ့သည်။
မတူညီသည့် ခေတ်ကာလများ၌ မွေးဖွားခဲ့ခြင်း ကြောင့် ကျွန်တော်တို့၏ အတွေးအခေါ်အမြင် စသည်တို့ ကွဲပြားကြခြင်းက အဆန်းမဟုတ်ပါ။မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်တို့၏ အတွေ့အကြုံ နှင့် တန်ဖိုးထားမှုတို့က သိသာစွာ ကွဲပြားခြားနားကြသည်။ သခင်ယေရှု၏ နောက်တော်လိုက်များ ကြားတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ကျွန်တော်တို့ မည်ကဲ့သို့ ၀တ်စားပြီး၊ မည်သည့် တေးဂီတမျိုးကို နားဆင်သည် ဖြစ်စေ၊ ၀ိညာဉ်ရေးရာ၌ ဆက်စပ် ချိတ်ဆက်မှုသည် ကွဲပြားခြားနားမှုများထက် ပိုခိုင်မာပါသည်။
ဘုရားသခင်ကို ချီးမွမ်းမြွက်ဆိုသည့် ဆာလံ ၁၄၅ တွင် ယုံကြည်ခြင်းအရာ၌ ကျွန်တော်တို့၏ ချည်နှောင်ပတ်သက်မှုကို…
ကျွန်ုပ်တို့ပြန်ယူလာသောအရာ
John F. Burns သည် The New York Times အတွက် ကမ္ဘာ့အဖြစ်အပျက်များကို မျက်နှာဖုံးသတင်းအဖြစ် တင်ဆက်ပေးခဲ့သည်မှာ အနှစ် ၄၀ ရှိခဲ့ပြီ။ ၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက်မှ သူရေးသော ဆောင်းပါးတစ်ခုတွင် ကင်ဆာရောဂါဖြင့် သေခါနီး ဖြစ်နေသည့် မိတ်ဆွေရင်း၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တစ်ဦး၏စကားကို သတိရမိသည်။ “မင်းခရီးဘယ်လောက် ရောက်ခဲ့လဲဆိုတာ အဓိက မဟုတ်ဘူး။ မင်းဘာသတင်းတွေ ရယူခဲ့လဲဆိုတာက အဓိကပဲဆိုတာ ဘယ်တော့မှ မမေ့နဲ့” ဟု သူက ပြောသည်။
သိုးကျောင်းသားမှ စစ်သည်၊ စစ်သည်မှ ဘုရင် ဖြစ်ခဲ့သော ဒါဝိဒ်၏ ဘဝခရီးလမ်းတစ်လျှောက် သူ မည်သည့် အရာများ ရယူခဲ့သည်ကို ဆာလံ ၃၇ တွင် သုံးသပ်နိုင်သည်။ ဤဆာလံကျမ်းသည် ဖြောင့်မတ်သောသူနှင့် မတရားသော သူ၏ နှိုင်းယှဉ်ချက်နှင့် ထာဝရဘုရားကို…